Skip to main content

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်း


Enrolment opens 20 March 2023

သင်တန်းအကြောင်းအရာ

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုသည်မှာအဘယ်နည်း။ မည်သည့်နည်းလမ်းများ/မည်သို့လုပ်ကိုင်ဆောင်ရွက်ကြပါသနည်း။ သစ်တောစီမံခန့်ခွဲရာတွင် ဒေသခံပြည်သူများပါဝင်ဆောင်ရွက်ရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ကအောင်မြင်မူရှိပါရဲ့လား။ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း၏ အလားအလာဖြည့်ဆည်းနိုင်မှုအား ပိတ်ပင်ဟန့်တားလျက်ရှိသည့်အရာများကဘာတွေလဲ။ ဤသင်တန်းတွင် အဆိုပါမေးခွန်းများနှင့် အခြားအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။

အခမဲ့သင်တန်း

ဤသင်တန်းမှာ အခမဲ့ဖြစ်ပါသည်။ အဆုံးသတ်အကဲဖြတ်ဆန်းစစ်ချက်တွင် ၇၅ ရာခိုင်နှုန်းနှင့်အထက် ရမှတ်ရရှိပါက သင်တန်းတက်ရောက်မှုပြီးစီးကြောင်းလက်မှတ်ရရှိမည်ဖြစ်ပါသည်။

ကျွမ်းကျင်မှုအဆင့်အတန်းဖော်ပြချက်

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်း

အသုံးပြုနိုင်သောကိရိယာများ

ဤသင်တန်းကို မည်သည့် စမတ်ဖုန်း (သို့) တက်ဘလက်ဖြင့်မဆို လေ့လာနိုင်ပါသည်။ သို့သော်လည်း အချို့သောလှုပ်ရှားလေ့လာမှုများမှာ အထူးအပြန်အလှန်လေ့လာမှုပုံစံပါဝင်လေသည်။ ဤလှုပ်ရှားလေ့လာမှုများကို သင်တန်းတစ်လျှောက်တွင် အမှတ်သားပြုဖော်ပြထားသည်။ ယင်းတို့အားပြုလုပ်ရာတွင် အသုံးပြုသူများ (သင်တန်းသား/သူများ)သည် အိတ်ဆောင်(laptop) ကွန်ပျုတာ (သို့) စားပွဲတင် (desktop) ကွန်ပျုတာတို့ကိုအသုံးပြုရမည်ဖြစ်သည်။ RECOFTC အနေဖြင့် ပိုမိုထိရောက်သော လေ့လာမှုဖြစ်ပေါ်လာစေရေးအတွက် သင်တန်းကာလတစ်လျှောက်လုံး အိတ်ဆောင်ကွန်ပျုတာ (သို့) စားပွဲတင်ကွန်ပျုတာတို့ကိုအသုံးပြုရန် အကြံပြုတိုက်တွန်းပါသည်။

အွန်လိုင်းလေ့လာမှုဆော့ဝဲလ်အား ဒေါင်းလုတ်ရယူခြင်း

RECOFTC မှပြုလုပ်ထားသော စမတ်ဖုန်းနှင့်တဘက်လက်တို့အတွက် အခမဲ့အွန်လေ့လာမှု ဆော့ဝဲလ် အား Google Play နှင့် App Store တို့တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။



ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ သင်တန်းကို ဥရောပသမဂ္ဂ၊ ဆွစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းပါအကြောင်းအရာများသည် RECOFTC နှင့်သာ သက်ဆိုင်ပြီး အဆိုပါအဖွဲ့အစည်းများ၏ ထင်မြင်ချက်များကို ကိုယ်စားမပြုပါကြောင်း ဖော်ပြအပ်ပါသည်။

  1. Course Number

    BurmeseCF101
  2. Classes Start

  3. Classes End

  4. Length

    8 hours
  5. Institute

    RECOFTC
  6. Certificate

    Yes
  7. Language

    my
  8. Levels

    Beginner
Enroll